မကွေး၊
ဇူလိုင်လ ၈ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၀
နာရီခွဲခန့်ထိ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်ရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်မြင့်မြတ်
ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ပရပ်ကြယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌
မှုခင်းအသိပညာ ပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းညိုနှင့်
ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့်
ရပ်မိရပ်ဖများ၊ စုစုပေါင်းအင်အား(၃၂၀)ဦးခန့် တက်ရောက်ခဲ့ပြီး သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနှင့်
မှုခင်းများ လျော့နည်းကျဆင်းရေးတို့အား အသိပညာပေးဟောပြောခဲ့ကာ ပညာပေးလက်ကမ်းစာစောင်
များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Monday, July 8, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment