မကွေး၊
ဇူလိုင်လ ၇ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ နေ့လည် ၁ နာရီမှ ၂
နာရီခွဲခန့်ထိ တောင်တွင်းကြီးမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းထွန်း ဦးစီးတပ်ဖွဲ့ဝင်များသည်
တောင်တွင်းကြီးမြို့နယ်၊ ဘိုကုန်းကျေးရွာ အုပ်စု၊ သဲပြင်ကျေးရွာ၊ ရွာခွဲတာဝန်ခံ ဦးလှရွှေ၏နေအိမ်ဝန်းအတွင်း၌
မှုခင်းအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ သဲပြင်ကျေးရွာ၊ ရွာခွဲတာဝန်ခံ ဦးလှရွှေနှင့်
အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ ရပ်ဖများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား(၁၀၀)ဦးခန့်
တက်ရောက် ခဲ့ပြီး သက်ငယ်မုဒိန်းမှု ပပျောက်ရေးနှင့် မှုခင်းများလျော့နည်းကျဆင်းရေးတို့အား
အသိပညာပေးဟောပြောခဲ့ကာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment