Friday, July 5, 2019


မကွေး၊ ဇူလိုင်လ ၅ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်ကျော်ဝင်းသည် တာဝန်ဆောင်ရွက်နေစဉ် ရေရှင်မကျေးရွာ ရွာလယ်လမ်းမကြီး ပေါ်တွင် လူတစ်ဦး ဓားကိုင်သောင်းကျန်းနေကြောင်း သတင်းအရ သက်သေမျာနှင့်အတူ သွားရောက်စစ်ဆေးရာ ဂန့်ဂေါမြို့နယ်၊ ကန်သာကျေးရွာနေ ငြိမ်းချမ်းဝင်း၊ ၂၃ နှစ်အား အရိုး/ အသွား (၁၅)လက်မခန့်ရှိ သံရိုးတပ်ဓားဦးချွန်(၁)ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် ငြိမ်းချမ်းဝင်းအား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း (ပ)၂၃/၂၀၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉(င) အရ  အရေးယူဆောင်ရွက်ထားရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video