၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ နေ့လည် ၂ နာရီမှ ၃
နာရီခွဲခန့်ထိ တောင်တွင်းကြီးမြို့နယ်၊ ကင်ပွန်းတောင်အုပ်စု၊ ကသာကျေးရွာဘုန်းတော်ကြီးကျောင်း
ဓမ္မာရုံ၌ သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနှင့် မှုခင်းများလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ
ပြုလုပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကသာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း
မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၃၀၀)
ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး
တင်မောင်ညိုနှင့် ဆတ်သွားနယ်မြေရဲစခန်းမှူး ရဲအုပ် ဝင်းနိုင်တို့က အသိပညာပေး ဟောပြော
ခဲ့ကြကာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment