မကွေး၊
ဇူလိုင်လ ၄ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၃ နာရီအချိန်တွင်
ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မြို့ပေါ်ရပ်ကွက်များအတွင်း
လှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ်(၇)ရပ်ကွက်၊ မြိုင်လမ်းပေါ်ရှိ ယမုံနာ လက်ဖက်ရည်ဆိုင်အနီးတွင်
အမည်မသိအမျိုးသား(၂)ဦးအား မသင်္ကာဖွယ်တွေ့ရှိ၍ မေးမြန်းရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊
လက်ထုတ်ကျေးရွာနေ သီဟတင်စိုး(ခ)သီဟ၊ ၂၀ နှစ်နှင့် တစ်ရွာတည်းနေ ဝေလုအောင်(ခ)ဝေလု၊ ၂၃
နှစ် တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ ပါလာသည့် နံပါတ်မပါ SUPER CUB 90 အစိမ်းရောင်ဆိုင်ကယ်(၁)စီး၊
GS N 150 12V တံဆိပ်ပါ ဖြူ/ ပြာကြားရောင် ကားဘက္ထရီအိုး (၁)လုံးတို့နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း
အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိဘဲ နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ
ခိုးယူလာသည်ဟု မသင်္ကာဖွယ်စစ်ဆေးသိရှိရ သဖြင့် သီဟတင်စိုး(ခ)သီဟနှင့် ဝေလုအောင်(ခ) ဝေလုတို့(၂)ဦးအား
ပခုက္ကူမြို့မရဲစခန်း(ပ) ၂၇၆၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက်ထားရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment