၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင်
ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲကင်း စခန်းမှူး ဒုရဲအုပ် ရွှေနန်း ဦးစီးဆောင်သောတပ်ဖွဲ့ဝင်များသည်
ပေါက်မြို့နယ်သစ်တောဦးစီးမှူး ဦးမျိုးသိန်းထိုက် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ
ယောချောင်း တစ်လျှောက် အနီးပတ်ဝန်းကျင် ကျေးရွာများသို့
တရားမ၀င် သစ်တောထွက်ပစ္စည်းများ ရှာဖွေ ခြင်း၊ ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဘို့မတ်ကျေးရွာအ၀င်
လမ်းပေါ်တွင် ဦ/၄၄၂၉ PE 6 အစိမ်းရောင် မှန်ထောင် (၆)ဘီးယာဉ်ပေါ်မှ တရားမ၀င် ထောက်ကြံ့ခွဲသား
(၂၁)ချောင်း၊ (၁.၂၈၄၀)တန်၊ ရုံးခွဲသား(၆)ချောင်း၊ (၀.၃၃၁၂)တန်၊ စုစုပေါင်း သစ်ခွဲသား
(၂၇)ချောင်း၊ (၁.၆၁၅၂)တန်တို့အား ပေါက်မြို့နယ်၊ ချောင်းဆုံကျေးရွာနေ အောင်အေး၊ ၂၇
နှစ်နှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် အောင်အေးအား ပေါက်မြို့နယ်၊ မြို့မရဲစခန်း
(ပ)၂၆၄/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၁(က) အရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Saturday, July 20, 2019
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment