Saturday, July 20, 2019

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ် ကျော်စွာဝင်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများ နှင့်အတူ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာနေ ဒေါ်ခင်မာသန်း၊ ၄၂ နှစ်၏ နေအိမ်အား မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၇/၂၀၁၉)ဖြင့် ၀င်ရောက်ရှာဖွေရာ ဒေါ်ခင်မာသန်း နှင့်အတူ တစ်ရွာတည်းနေ မျိုးဌေး၊ ၁၈ နှစ်၊ လမင်းထွန်း၊ ၃၈ နှစ်၊ မောင်ဝင်း၊ ၄၆ နှစ်နှင့် ဇောနိုင်ဝင်း(ခ)ညိုမောင်၊ ၄၀ နှစ်တို့(၅)ဦးအား ဖဲရိုက်လောင်းကစားနေသည်ကို တွေ့ရှိရပြီး ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေစက္ကူ ရောရာ (၉၁၉၀၀) ကျပ်အား သိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်ခင်မာသန်း ပါ(၅)ဦးတို့အား မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း(ပ)၃၁/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) အရ အရေးယူ ဆောင်ရွက်ထားရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video