Sunday, July 21, 2019


မကွေး၊ ဇူလိုင်လ ၂၁ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရေစကြိုမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်မြင့်စိုး၊ ရေစကြိုမြို့မရဲစခန်းမှ ဒုရဲအုပ် ရန်နိုင်ထွန်းတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တရားမ၀င် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေ ဖမ်းဆီးရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ရေစကြိုမြို့၊ အမှတ်(၁)ရပ်ကွက်နေ တိုးဝေ၊ ၂၅ နှစ်နှင့် တစ်ရပ်ကွက်တည်းနေ လင်းနိုင်၊ ၃၅ နှစ်တို့(၂)ဦးအား တရားမ၀င် အင်သစ် (၅)လုံး၊ (၆.၈၉၂) တန်၊ တန်ဖိုး(၆၈၉၂၀၀)ကျပ်၊ သရက်သစ်လုံး(၂)လုံး၊ (၂.၈၈)တန်၊ တန်ဖိုး(၁၄၄၀၀၀)ကျပ် တို့နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ယားကျေးရွာမှ ဖောင်ဖွဲ့သယ်ယူလာစဉ် ရေစကြိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းဘေး (ကြက်မွေးဆိပ်ကမ်း)တွင် တွေ့ရှိ သိမ်းဆည်းရမိခဲ့၍ တိုးဝေနှင့် လင်းနိုင်တို့(၂)ဦးအား ရေစကြိုမြို့မရဲစခန်း (ပ)၃၀၁/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၁(က) အရ အရေးယူဆောင်ရွက်ထားရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video