Sunday, July 21, 2019


မကွေး၊ ဇူလိုင်လ ၂၁ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် အေးနိုင် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ် (၁၄/ ၂၀၁၉)ဖြင့် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်နေ ဖိုးခိုင်(ခ)ခိုင်ဝင်း၊ ၄၂ နှစ်နှင့် ၎င်း၏ဇနီး ယောသူမ(ခ)မ၀င်းမင်းစိုး၊ ၄၂ နှစ်တို့၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်ရှေ့ ခြံစည်းရိုး ဘေးတွင် ချိတ်ထားသော အစိမ်းရောင် ကလေးဆောင်းထီးအတွင်းမှ WY စာသားပါ စိတ်ကြွှ မူးယစ်ဆေးဝါးဟု ယူဆရသော ပန်းရောင်ဆေးပြား (၁၃၇)ပြား၊ (၁၃.၇)ဂရမ်၊ 88/1 စာတမ်းပါ ပန်းရောင်ဆေးပြား (၁၇၀)ပြား၊ (၁၇)ဂရမ်၊ နေအိမ်အိပ်ခန်းအတွင်းမှ 88/1 စာတမ်းပါ ပန်းရောင် ဆေးပြား(၁၄)ပြား၊ (၁.၄)ဂရမ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၃၂၁)ပြား၊ စုစုပေါင်းဂရမ် (၃၂.၁) ဂရမ်၊ မီးဖိုခန်းအတွင်းမှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ခဲပြားပိုင်း(၁)ခု၊ အပေါက်ပါ/ အတွင်း၌ ပိုက်တပ်လျှက် ပလပ်စတစ်ဗူး (၁)ဗူး၊ ရောင်စုံပလပ်စတစ်ပိုက်(၉၀)ချောင်း၊ ViVo အနက်ရောင် ဟန်းဖုန်း (၁)လုံး၊ Huawei အနက်ရောင်ဟန်းဖုန်း (၁)လုံး၊ ယကေသူမ(ခ) မ၀င်းမင်းစိုး၏ လက်ထဲမှ မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိသော ငွေစက္ကူရောရာ (၂၁၀၀၀၀) ကျပ်၊ ၎င်းတို့ဝတ်ဆင်ထားသည့် အလေးချိန် (၁)ကျပ် (၁)ပဲ(၅)ရွေးရှိ နေတိုး ကျောက်ဆူးဆွဲသီး ပါ ရွှေဆွဲကြိုး(၁)ကုံး၊ (၅)ပဲ(၆)ရွေးရှိ ကျောက်ပါ န၀ရတ်လက်စွပ် (၁)ကွင်း၊ (၁)ကျပ် (၃)ပဲ (၃)ရွေးရှိ စပျစ်ခိုင် ဆွဲသီးပါ ရွှေဆွဲကြိုး(၁)ကုံး၊ (၁၅)ပဲ (၇)ရွေးရှိ ဇတိရွှေလက်ကောက် (၁)ကွင်း၊ (၂) ပဲ(၆)ရွေးရှိ ဆင်ထည်ကျောက်ပါ ရွှေလက်စွပ်(၁) ကွင်း၊ (၂)ပဲ(၅)ရွေးရှိ ကျောက်ပါ ချယ်ရွှေ နားကပ်(၁)ရံတို့အား သိမ်းဆည်းရမိခဲ့၍ ဖိုးခိုင်(ခ)ခိုင်ဝင်းနှင့ ယောသူမ(ခ)မ၀င်းမင်းစိုး တို့(၂)ဦး အား ပခုက္ကူမြို့မရဲစခန်း မူးယစ်(ပ)၈/၂၀၁၉၊ မူးယစ်ေးဆ၀ါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video