၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့
ညနေ ၄ နာရီခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်း အကူဌာနစိတ်မှ ဒုရဲအုပ် အေးနိုင်
ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးများ ဖြန့်ဖြူး/ရောင်းချ/သုံးစွဲနေကြောင်း
သတင်းအရ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းနှင့် မြိုင်လမ်းဆုံတွင် အသွင်ယူစောင့်ဆိုင်းနေစဉ်
၁ယ/၅၃၅၉၀ HONDA Super Cub ခဲရောင် ဆိုင်ကယ် စီးနင်းလာသော လူငယ်(၃)ဦးအား မသင်္ကာသဖြင့်
စစ်ဆေးမေးမြန်းရာ ထွက်ပြေးသွား သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ပခုက္ကူမြို့နယ်၊ မြင်းချိုင်ကျေးရွာနေ
သာထက်စံ(ခ)သာထက်၊ ၂၀ နှစ်၊ ပခုက္ကူမြို့နယ်၊ အနောက်ချောက်ကန်ကျေးရွာနေ ခန့်မင်းပိုင်၊
၁၇ နှစ်နှင့် ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ညီသုတနိုင်(ခ)သုတ၊ ၁၈ နှစ်တို့ဖြစ်ပြီး
သာထက်စံ(ခ)သာထက်၏ ၀ဲလက်အတွင်းမှ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့်ထည့်လျှက် စိတ်ကြွမူးယစ်ဆေးပြားဟု
ယူဆ ရသော WY စာတန်းပါ ပန်းရောင်ဆေးပြား(၁၀၀)ပြား၊ (၁၀.၀)ဂရမ်အား လည်းကောင်း၊ ခန့်မင်းပိုင်ထံမှ
ဆင်းကဒ်ပါ Redmi 6 Pro အပြာရောင် ဟန်းဖုန်း(၁)လုံးအား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
သာထက်စံ(ခ)သာထက်ပါ(၃)ဦးအား စစ်မေးရာ
အဆိုပါ ဆေးပြားများအနက် (၆)ပြားအား ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်နေ အငယ်ကောင်ထံမှ
ငွေ(၃၀၀၀၀)ကျပ်ပေး၍ ၀ယ်ခဲ့ပြီး ကျန်(၉၄)ပြားအား ပခုက္ကူမြို့၊ အောင်ချမ်းသာရပ်နေ ဗန်းကြီး(ခ)ပိုင်စိုးချစ်ထံမှ
ငွေ(၉၀၀၀၀) ကျပ် ပေး၍ ကျန်ငွေ(၃၈၀၀၀၀)ကျပ်အား ရောင်းချပြီးမှ ပေးချေမည်ဟု ပြောဆိုဝယ်ယူခဲ့ကာ
၎င်းတို့(၃)ဦးမှာ Excellent စားသောက်ဆိုင်သို့ မူးယစ်ဆေးဝါးအရောင်းအ၀ယ် ပြုလုပ်ရန် လာရောက်ခြင်းဖြစ်ပြီး
ရောင်းရသည့်အမြတ်ငွေအား (၃)ဦးခွဲဝေသုံးစွဲကြောင်း စစ်ဆေး သိရှိခဲ့ရ ပါသည်။
ကွင်းဆက်တရားခံ ဗန်းကြီး(ခ)ပိုင်စိုးချစ်၏နေအိမ်သို့
သက်သေများနှင့်အတူ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးဖမ်းဝရမ်းအမှတ် (၁၅/၂၀၁၉)ဖြင့်
ဝင်ရောက်ရှာဖွေရာ ဗန်းကြီး(ခ)ပိုင်စိုးချစ်အား မတွေ့ရှိရသည့်အပြင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်
ပစ္စည်းတစ်စုံ တစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့နောက် သာထက်စံ(ခ)သာထက်ပါ (၅)ဦးအား
အရေးယူပေးရန် ဒုရဲအုပ် အေးနိုင်မှ တရားလို ပြုလုပ်တိုင်းတန်းချက်အရ ပခုက္ကူမြို့မရဲစခန်း
မူးယစ်(ပ)၉/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ
ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment