၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင်
ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ကျော်သူထွန်း၊ ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ်
ဝေလင်းဇော် တို့ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မှုခင်းကျဆင်းရေး လှည့်ကင်းဆောင်ရွက်နေစဉ်
ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ရွှေမုဌောဘုန်းကြီးကျောင်းဝန်းရှေ့ မုဒ်ဦးအနီးတွင်
မသင်္ကာဖွယ်ရာ လူတစ်ဦးအား တွေ့ရှိသဖြင့် စစ်မေးရာ ပခုက္ကူမြို့နယ်၊ ပခုက္ကူကျွန်းကျေးရွာနေ
ဇော်ဝင်းနိုင်၊ ၂၇ နှစ် ဖြစ်ပြီး ၎င်းနှင့်အတူ ပါလာသော နံပါတ်မပါ REVO JIAFA 110 အနက်ရောင်ဆိုင်ကယ်(၁)စီး၊
ဆင်းကဒ်ပါ Oppo အဖြူရောင်လက်ကိုင်ဖုန်း (၁)လုံး၊ ဆင်းကဒ်မပါ MI ရွှေအိုရောင် လက်ကိုင်
ဖုန်း(၁)လုံး၊ ငွေစက္ကူရောရာ (၁၃၉၀၀၀ိ/-) တို့နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်
အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိခဲ့သဖြင့် ဇော်ဝင်းနိုင်အား ပခုက္ကူမြို့မရဲစခန်း
(ပ)၃၁၇၄/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက်ထားရှိပါသည်။
0 comments:
Post a Comment