Wednesday, July 24, 2019

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ ည ၁ နာရီခန့်တွင် ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်း မှ ဒုရဲအုပ် သိန်းထိုက် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပန်းတုန်းလေးကျေးရွာ၊ မြောက် ဘုန်းတော်ကြီးကျောင်းဝိုင်းအတွင်းရှိ ဇာတ်ပွဲခင်းအတွင်းတွင် သက်သေများနှင့်အတူ လုံခြုံရေး တာဝန်ဆောင်ရွက်နေစဉ် ပွင့်ဖြူမြို့နယ်၊ ပေတော(တောင်)ကျေးရွာနေ အေးမင်းထွန်း၊ ၂၄ နှစ် အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်း၏ ခါးကြားအတွင်းမှ အသွား(၈)လက်မ၊ အရိုး (၄)လက်မခန့်ရှိ ပလပ်စတစ်ပိုက် လက်ကိုင်ရိုးတပ် သုံးမြှောင့်ဦးချွန်(စကေဘာ) (၁)ချောင်းအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့၍ အေးမင်းထွန်း အား ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်း (ပ) ၅၂/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူဆောင်ရွက်ထားရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video