Monday, July 29, 2019

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ စီမံကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေးအတွက် လေ့ကျင့်ရေးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်မှ ၁၀ နာရီခန့်ထိ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲဇာနည်ခန်းမ၌ အမှုစစ်(အရာရှိ)မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး(ပ)(ဦး/ရေး/ထောက်) ဒုရဲမှူးကြီး တင်မိုးမှ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိ(၇)ဦး၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၊ မင်းဘူးဒုခရိုင်ရဲတပ်ဖွဲ့မှူး၊ ရဲအကူ တပ်ဖွဲ့ခွဲမှ အရာရှိ(၅)ဦး၊ မှုခင်း တပ်ဖွဲ့စုမှူး၊ သတင်းရဲတပ်ဖွဲ့စုမှူး၊ မူးယစ်တပ်ဖွဲ့စုမှူး၊ လူကုန်တား ဒုတပ်ဖွဲ့စုမှူး၊ သင်တန်းသား အရာရှိ(၃၀)ဦး၊ စုစုပေါင်း(၄၈)ဦးတက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
 



 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video