Monday, July 29, 2019

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နေ့လည် ၂ နာရီမှ ၄ နာရီခန့်ထိ အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွန့်ဦး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် အောင်လံမြို့နယ်၊ ရွှေညောင်ပင်အုပ်စု၊ သနပ်ကျေးရွာ သုခိတာရုံ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျေးရွာနေပြည်သူ/ပြည်သား များ အား လည်းကောင်း၊
နေ့လည် ၂ နာရီမှ ညနေ ၄ နာရီခန့်ထိ အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းခန့် ဦးစီးသောတပ်ဖွဲ့ဝင်များသည် အောင်လံမြို့နယ်၊ ကျွဲသေကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နေခြည်ထွန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊
နေ့လည် ၁၂ နာရီမှ ၁ နာရီ ခွဲခန့်ထိ အောင်လံမြို့နယ်၊ ပြလို့ရဲကင်းစခန်းမှူး ရဲအုပ် နေမင်းထွန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် အောင်လံမြို့နယ်၊ ဆေးပုလဲကျေးရွာဘုန်းတော်ကြီးကျောင်း တွင် ရွာခွဲတာဝန်ခံ ဦးဖြိုးမောင်နှင့် ကျေးရွာသူ/ကျေးရွာသားများအား လည်းကောင်း သက်ငယ် မုဒိမ်းမှု လျော့နည်း ကျဆင်းရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။








0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video