၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နေ့လည် ၂ နာရီမှ ၃
နာရီခွဲခန့်ထိ ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဇော်၊ ကုန်းဇောင်းနယ်မြေရဲစခန်းမှူး
ရဲအုပ် ကြည်လင်းထင်တို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်
မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ Case Manager ဒေါ်ဟေသီဦးနှင့် ၀န်ထမ်းများ၊
ကျေးရွာသူ/ ကျေးရွာ သားများအား သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှု တားဆီး
ကာကွယ်ရေး၊ မှုခင်းတစ်စုံတစ်ရာဖြစ်လပွားပါက နီးစပ်ရာရဲစခန်းသို့ ချက်ချင်းသတင်းပို့ရန်၊
ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်း
စာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Monday, July 29, 2019
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment