မကွေး၊ ဇူလိုင်လ ၃၀ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့
နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲခန့်ထိ ဆောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည်
ဆောမြို့နယ်၊ ကံချောင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆရာ/ဆရာမများ၊
ကျောင်းသား/ကျောင်းသူများ၊ ကံချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဥာဏ်ဝင်းနှင့်
ကျေးရွာသူ/ကျေးရွာသားများအား လည်းကောင်း၊
နေ့လည် ၂ နာရီမှ ၄ နာရီခွဲခန့်ထိ
ကျောက်ထုနယ်မြေရဲစခန်းမှူး ရဲအုပ် ခင်မောင်ရွှေ နှင့်အဖွဲ့ သည် ဆောမြို့နယ်၊
ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်အုပ်ဆရာကြီး ဦးဝင်းသျှန်နှင့်
ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ၊ ကျေးရွာသူ/ကျေးရွာသားများ အား
လည်းကောင်း၊
နံနက် ၉ နာရီမှ ၁၀ နာရီထိ တပြင်းရဲကင်းစခန်းမှူး ဒုရဲအုပ်
မင်းမင်းထိုက် နှင့်အဖွဲ့သည် ပင်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးလှိုင်ဝင်းနှင့် ကျေးရွာသူ/ ကျေးရွာသားများအား လည်းကောင်း မှုခင်းလျော့နည်းကျဆင်းရေး၊
သက်ငယ်မုဒိမ်းမှုလျော့နည်း ကျဆင်းရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း
အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment