၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲတွင်
သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် စည်သူဝင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ အောင်လံမြို့၊
ဈေးကုန်းရပ်ကွက်၊ "လင်းကမ္ဘာ" အအေးဆိုင်အတွင်း ဘောလုံးလောင်းကစား ပြုလုပ်နေကြောင်း
သတင်းအရ သရက်ခရိုင် ရဲတပ်ဖွဲ့မှူး၏ လောင်းကစားရှာဖွေခွင့် ၀ရမ်းအမှတ် (၅/၂၀၁၉)ဖြင့်
ဝင်ရောက်ရှာဖွေရာ အောင်လံမြို့၊ ဈေးကုန်းရပ်ကွက်နေ ကျော်မင်းလွင်၊ ၄၆ နှစ်အား ၎င်း၏နေအိမ်ဈေးဆိုင်အတွင်း
ကွပ်ပျစ်ပေါ်၌ ဘောလုံးလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်
ကျော်မင်းလွင် အား အောင်လံမြို့မရဲစခန်း
(ပ)၁၃၇၉/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) အရ အရေးယူဆောင်ရွက်ထားရှိပါသည်။
Monday, July 15, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment