ကွး၊ ဇူလိုင်လ ၁၄ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၈ နာရီမှ ၁၀
နာရီထိ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်ညို နှင့်အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး
ဦးသိန်းဇော်ဝင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊
အခွန်ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ
တောင်တွင်းကြီးမြို့နယ်၊ ပွင့်လှကြီးကျေးရွာအုပ်စု၊ (ပွင့်လှကြီး) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင်
ရွေ့လျား ပြည်သူ့ဝန်ဆောင်မှုရုံး(MOBILE SERVICE DELIVERY) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ
အခမ်းအနားတက်ရောက်လာကြသော ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား (၂၅၀)ဦးအား ဌာနအသီးသီးမှ
ဌာနများအလိုက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေး ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှ
သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးနှင့် မှုခင်းများလျော့နည်းကျဆင်း ရေး အသိပညာပေးဟောပြောခြင်းများ
ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။Sunday, July 14, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment