၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီအချိန်ထိ
ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေ ရဲစခန်းမှူး ရဲအုပ် မြင့်နိုင်လင်း နှင့်အဖွဲ့သည် ပခုက္ကူမြို့နယ်၊
ရေမျက်ကျေးရွာ၊ ဂေါတမမြတ်စွာ ဘုရားရင်ပြင် ဓမ္မာရုံတွင် ထန်းတပင်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သားဖွား
ဆရာမ ဒေါ်ချိုချိုဝင်း၊ ရေမျက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လင်းတို့နှင့်အတူ ကျေးရွာနေ
ပြည်သူများအား မှုခင်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး၊ အသိပညာပေး ဟောပြောခြင်း၊
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ
ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Monday, July 15, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment