မကွေး၊
ဇွန်လ ၂၅ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင်
ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော် နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မြို့ပေါ်ရပ်ကွက်များအတွင်း
မှုခင်းကျဆင်းရေးအတွက် လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် အမှတ်(၁၅)ရပ်ကွက်၊ ဆင်ပေါက်လှ(၅)လမ်း၊
ဓမ္မာရုံရှေ့ တွင် အမည်မသိအမျိုးသား(၂)ဦးအား ၃၅ယ/၄၅၇၃၈ Jialing Super Cub 901 အစိမ်းရောင်
ဆိုင်ကယ်ပေါ်တွင် GS N 150 တံဆိပ်ပါ ဖြူ/ပြာရောင် ကားဘတ္ထရီအိုး(၁)လုံးနှင့် နံပါတ် တပ်ဆင်ထားခြင်းမရှိသော
TARYAN 110 နက်/နီရောင် ဆိုင်ကယ်(၁)စီးတို့နှင့်အတူ တွေ့ရှိရ၍ စစ်ဆေးရာ ပခုက္ကူမြို့၊
အမှတ်(၁၄)ရပ်ကွက်နေ အေးဖြိုးပိုင်၊ ၂၃ နှစ် နှင့် ဌေးဖြိုးပိုင်၊ ၁၈ နှစ် တို့ ဖြစ်ပြီး
အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိဘဲ
နေအိမ်အဆောက်အဦတစ်ခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာ၍ အေးဖြိုးပိုင်နှင့် ဌေးဖြိုးပိုင်တို့(၂)ဦးအား
ပခုက္ကူမြို့မရဲစခန်း (ပ)၂၆၆၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။Tuesday, June 25, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment