Tuesday, June 25, 2019

မကွေး၊ ဇွန်လ ၂၅ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ဂန့်ဂေါခေတ္တမြို့မရဲစခန်းမှူး ရဲအုပ် စိုးညွန့်အောင် ဦးဆောင်သောအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဂန့်ဂေါမြို့နယ်၊ စကားကျေးရွာနေ ဆန်းမင်းဦး၊ ၄၂ နှစ်၏ နေအိမ်အား ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ် ဆေးဝါး ရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ်(၃/၂၀၁၉)ဖြင့် ၀င်ရောက်ရှာဖွေရာ ဆန်းမင်းဦးအား နေအိမ်တွင် တွေ့ရှိရပြီး နေအိမ်အပေါ်ထပ် ဘုရားစင်ပေါ်ရှိ ဘုရားပန်းအိုးနှင့် နံရံကြားတွင် အဖြူရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်လျက် အရှည်(၁)လက်မခန့်ရှိ အအေးပိုက်အတွင်း ထည့်ထားသည့် ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါရောင်အမှုန့်များပါ အအေးပိုက်(၄)ချောင်း၊ စုစုပေါင်း(၀.၂၅)ဂရမ်ခန့်၊ မူးယစ်ဆေးဝါးရောင်းရငွေဟု ယူဆရသော ငွေစက္ကူရောရာ(၂၀၈၀၀၀) ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ဆက်လက်၍ ဆန်းမင်းဦး အား စစ်ဆေးရာ ၎င်းမူးယစ်ဆေးဝါးများအား တစ်ရွာတည်းနေ စန်းမောင်၊ ၅၂ နှစ်နှင့် ကျော်သစ်ဝင်း၊ ၃၇ နှစ်တို့ထံမှ ၀ယ်ယူခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းတို့(၂)ဦးအား လိုက်လံဖမ်းဆီးရာ ဆန်းမင်းဦး နေအိမ်၏ မြောက်ဘက်(၁)ဖာလုံခန့်အကွာ လယ်တောအတွင်း၌ ကျော်သစ်ဝင်းနှင့် စန်းမောင်တို့(၂)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် ၄င်းတို့(၃)ဦး အား ဂန့်ဂေါမြို့မရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၀(က)/၂၁ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video