မကွေး၊
ဇွန်လ ၂ ရက်
၂၀၁၉
ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၂ နာရီခန့်အထိ ဆိပ်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး
ဝင်းဦး ဦးစီးသောတပ်ဖွဲ့ဝင်များသည် ဒေါသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ကို တို့နှင့်အတူ
ဒေါသာ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေ ပြည်သူလူထုများအား မှုခင်းကျဆင်းရေး၊
မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ
ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment