Sunday, June 2, 2019

မကွေး၊ ဇွန်လ ၂ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီမှ ၈ နာရီခွဲခန့်ထိ စကုနယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းဟန်မိုးတို့ ဦးစီးသောတပ်ဖွဲ့ဝင်များသည် မှုခင်းအသိပညာပေးပြခန်းယာဉ်ဖြင့် စကုမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ နာရီစင်လမ်းဆုံတွင် ပြည်သူများအားလည်းကောင်း၊ ၉ နာရီ မှ ၁၀ နာရီထိ စကုမြို့၊ ကျောင်းရွာရပ်ရှိ NO.1 ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
အဆိုပါ မှုခင်းအသိပညာပေးပြခန်းယာဉ်သည် မင်းဘူးမြို့သို့ ရောက်ရှိခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်မှ ၁၁ နာရီထိ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော် ဦးစီးသော တပ်ဖွဲ့ဝင်များသည် အမှတ်(၁၈)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(မကွေး)မှ ရဲအုပ် မိုးဝင်းထက်တို့နှင့်အတူ မင်းဘူးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ပုလဲသွယ် စတိုးဆိုင်ရှေ့တွင် လမ်းသွားလမ်းလာပြည်သူများအား လည်းကောင်း၊ ၁၁ နာရီမှ ၁၂ နာရီထိ အမှတ် (၃)ရပ်ကွက်ရှိ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video