Friday, June 7, 2019

မကွေး၊ ဇွန်လ ၇ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီထိ အောင်လံမြို့နယ်၊ ကန်ကြီးရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ဈေးသူ/ဈေးသားများအား အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်စိုးမှ မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့်  အသိပညာပေးဟောပြောခြင်း၊ အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွန့်ဦးမှ လူမှောင်ခို/လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ယာဉ်ထိန်းတပ်ဖွဲ့စိတ်တာဝန်ခံ ရဲအုပ် အောင်မြင့်ထွန်းမှ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ပညာပေး လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။
ဆက်လက်၍ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲအချိန်ထိ အောင်လံမြို့နယ်၊ စမ်းချောင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်စိုးမှ မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် အသိပညာပေး ဟောပြောခြင်း၊ အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွှန့်ဦးမှ လူမှောင်ခို/လူ ကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ယာဉ်ထိန်းတပ်ဖွဲ့စိတ်တာဝန်ခံ ရဲအုပ် အောင်မြင့်ထွန်းမှ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
ဆက်လက်၍ နံနက် ၁၁ နာရီခွဲခန့်မှ ၁၂ နာရီခွဲထိ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက်ရှိ (ရွာထောင်)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်စိုးမှ မူးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် အသိ ပညာပေးဟောပြောခြင်း၊ အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွှန့်ဦးမှ လူမှောင်ခို/လူ ကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ယာဉ်ထိန်းတပ်ဖွဲ့စိတ်တာဝန်ခံ ရဲအုပ် အောင်မြင့်ထွန်းမှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video