Friday, June 7, 2019

မကွေး၊ ဇွန်လ ၇ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် မင်းလှမြို့နယ်၊ လက်ပံတံခါးရဲကင်းစခန်းမှူး ဒုရဲအုပ် သက်နိုင်ဦး၊ သရက်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲဒုပ်ကြပ် စစ်ပိုင်ထွန်း၊ ရေနံမ နယ်မြေရဲစခန်းမှ ရဲတပ်ကြပ် အောင်ကြိုင် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးနေအိမ်ရှာဖွေခွင့် ၀ရမ်းအမှတ်(၁/၂၀၁၉)ဖြင့် မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာနေ ကိုဆင်၊ ၃၈ နှစ် ၏ နေအိမ် အား ၀င်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ်ရှိ ကိုဆင်၏ အိပ်ယာခြေရင်းတွင် ငဖဲမြို့နယ်၊ မှိန်စိမ်းကျေးရွာနေ မင်းထက်ကျော်၊ ၂၂ နှစ်နှင့် ငဖဲမြို့နယ်၊ ဘပွေးကျေးရွာနေ မောင်နီ၊ ၃၄ နှစ် တို့(၃)ဦးအား တွေ့ရှိပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ ကိုဆင်၏ အိပ်ယာခြေရင်းအနီး  အစိမ်းရောင် သံသေတ္တာအတွင်းမှ အိုဘာတင်း အဖြူရောင်ဖန်ပုလင်းဖြင့် ထည့်ထားသော ဘိန်းစိမ်းဟု ယူဆရသည့် အမဲရောင်အစေး(၂၂)ကျပ်သားခန့်၊ ၅x၉ အနက်ရောင် ပလပ်စတစ် အိတ်ဖြင့်ထည့်ထားသော ဆေးခြောက်ဟုယူဆရသည့် အရွက်ခြောက်(၁)ကျပ်သားနှင့် ငွေစက္ကူ ရောရာ(၁၅၄၀၀၀ိ/-)ကျပ်၊ မောင်နီ၏ ၀ဲဘက်ဘေး(၆)လက်မခန့်အကွာ ကြမ်းပြင်ပေါ်မှ အရိုး အသွား(၂)ပေခန့်၊ ဗျက်(၁)လက်မခန့်ရှိ သံရိုးတပ် ဓါးဦးချွန်(၁)ချောင်းတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့၍ ကိုဆင်၊ မင်းထက်ကျော်နှင့် မောင်နီ တို့(၃)ဦးအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း မူးယစ်(ပ) ၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁/ ၂၂(ခ) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video