မကွေး၊ ဇွန် ၁၁ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ ညနေ
၎ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရဲအကူတပ်ဖွဲ့ခွဲ ၀န်းအတွင်းရှိ
ရဲဇာနည်ခန်းမ၌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ စည်းရုံးရေးကော်မတီ မိသားစု စည်းရုံးရေးနှင့်
စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကြီးကြပ်၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံး၊
ရဲအကူတပ်ဖွဲ့ခွဲတို့ရှိ တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်းတို့၏ သားသမီးများအတွက် ၂၀၁၉-၂၀၂၀
ခုနှစ် ပညာသင်စရိတ်ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တက္ကသိုလ်အဆင့် တစ်ဦးလျှင် (၂၀,၀၀၀ိ/-)နှုန်းဖြင့်
ကျောင်းသား(၂၁)ဦး အတွက် (၄၂၀,၀၀၀ိ/) အား လည်းကောင်း၊ အထက်တန်းအဆင့် တစ်ဦးလျှင်(၁၅,၀၀၀ိ/-)နှုန်းဖြင့်
ကျောင်းသူ/သား(၁၆)ဦးအတွက် (၂၄၀,၀၀၀ိ/)အားလည်းကောင်း၊ အလယ်တန်းအဆင့် တစ်ဦး လျှင် (၁၀,၀၀၀ိ/-) နှုန်းဖြင့် ကျောင်းသူ/သား(၃၆)ဦး အတွက်
(၃၆၀,၀၀၀ိ)အားလည်းကောင်း၊ မူလတန်းအဆင့် တစ်ဦးလျှင် (၈,၀၀၀ိ/-)နှုန်းဖြင့် ကျောင်းသူ/သား (၄၀)ဦးအတွက်
(၃၂၀,၀၀၀ိ/-) အား လည်းကောင်း၊ စုစုပေါင်းကျောင်းသူ/သား(၁၁၃)ဦးအား (၁,၃၄၀,၀၀၀ိ/-)နှင့်
စာရေးကိရိယာ (ဗလာစာအုပ် ၄၀ ဒါဇင်၊ ဘောပင် ၉ ဗူး) တန်ဖိုး (၁၃၃,၉၅၀ိ/-)တို့အား ပေးအပ်ခဲ့ကြောင်း
သတင်း ရရှိပါသည်။
0 comments:
Post a Comment