Thursday, June 6, 2019

မကွေး၊ ဇွန်လ ၆ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ နံနက် ၈ နာရီမှ ၉ နာရီခန့်ထိ သရက်မြို့၊ ဈေးရပ်ကွက်တွင် မှုခင်း ပညာပေးပြခန်းယာဉ်ဖြင့် ပြည်သူလူထုများအား ဒုရဲမှူး အေးထွန်းစိန်မှ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ပါသည်။
ဆက်လက်၍ နံနက် ၉ နာရီခန့်မှ ၁၀ နာရီခန့်အချိန်ထိ သရက်မြို့၊ ဗိုလ်ချုပ်ပန်းခြံရှေ့တွင် ပြည်သူ လူထုများအား သရက်မြို့မရဲစခန်းမှူး ဒုရဲမှူး ရန်နိုင်ထွန်းမှ သက်ငယ်မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ပြစ်မှု/ပြစ်ဒဏ်များ အကြောင်း ဟောပြောခြင်းများနှင့် ပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ နံနက် ၁၀ နာရီကျော်ခန့်မှ ၁၁ နာရီထိ အနောက်ရပ်တောင်းပိုင်းရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်းရှေ့တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဒုရဲအုပ် သူရအောင်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ နံနက် ၁၁ နာရီခန့်မှ ၁၂ နာရီအချိန်ထိ သရက်မြို့၊ ပြည်တော်အေးရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် အမှတ်(၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ် အောင်မြင့်ထွန်းမှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video