Wednesday, June 5, 2019

မကွေး၊ ဇွန်လ ၅ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခန့်ထိ မှုခင်းပြခန်းယာဉ်ဖြင့် ကံမမြို့နယ်၊ ကြို့ပင်အခြေခံပညာအထက်တန်းကျောင်းတွင် ဒုကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ဌေးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၃၀၀)ဦးခန့်အား ကြို့ပင်နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်နိုင်ဝင်းမှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်(၁၀၀)စောင်တို့အား ဖြန့်ဝေပေးခဲ့ပါသည်။
ဆက်လက်၍ နံနက် ၁၁ နာရီမှ ၁၂ နာရီအချိန်ထိ ကံမမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၄၀၀)ဦး ခန့်အား ကံမမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်ကျော်မှ မှုခင်းပညာပေး လှည့်လည်ဟောပြောရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခြင်း၊ ကံမမြို့မရဲစခန်းမှူး ဒုရဲမှူး ရဲမြင့်မှ သက်ငယ်မုဒိမ်းမှုနှင့် မူးယစ် ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ပြစ်မှု/ပြစ်ဒဏ်များ အကြောင်း ဟောပြောခြင်းများနှင့် ပညာပေးလက်ကမ်းစာစောင်(၁၀၀)စောင်တို့အား ဖြန့်ဝေပေးအပ် ခဲ့ပါသည်။
ဆက်လက်၍ နေ့လည် ၁ နာရီမှ ၂ နာရီထိ ကံမမြို့နယ်၊ ရေနံသာအခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း၌ ကျောင်းအုပ်ဆရာကြီး ဦးအေးဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ(၂၀၀)ဦးခန့်အား ရေနံသာရဲကင်းစခန်းမှူး ဒုရဲအုပ် ပြည့်ဖြိုးဝင်းမှ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုမခံရစေရေးတို့အား ဟောပြောခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်(၁၀၀)စောင်တို့အား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video