မကွေး၊ ဇွန် ၁၆ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့ နေ့လည်
၂ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊
ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ ဒုရဲအုပ် အေးနိုင်၊ ပခုက္ကူမြို့မရဲစခန်းမှ
ဒုရဲအုပ် ဝေလင်းဇော် တို့ ဦးဆောင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ ပခုက္ကူမြို့၊
မြို့မလမ်းနှင့် ရေစကြိုသွား ကားလမ်းတွင် အသွင်ယူစောင့်ဆိုင်း နေစဉ် နံ့သာမိုး လက်ဖက်ရည်ဆိုင်အတွင်း
ထိုင်နေသော ပခုက္ကူမြို့၊ ရွှေချောင်းကျေးရွာနေ မနီလာမြင့်၊ ၃၈ နှစ် အား သက်သေများရှေ့
စစ်ဆေးရှာဖွေရာ ၎င်းရှေ့ရှိ စားပွဲခုံပေါ်မှ HUAWEI အဖြူရောင် လက်ကိုင်ဖုန်း (၁)လုံး၊ ကမ္ဘာလုံးတံဆိပ်ပါ
အပြာရောင်ကဒ်ခွါအိတ် (၂)ထပ်အတွင်း ထည့်လျှက် 88/1 စာသားပါပန်းရောင် စိတ်ကြွဆေးပြား (၃၉၁)ပြားပါ(၁)ထုပ်၊
(၃၉၆)ပြားပါ(၁)ထုပ်နှင့် ခန္ဓာကိုယ်ပေါ်မှ ငွေစက္ကူတစ်သောင်း ကျပ်တန် (၂)ရွက်တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
၎င်း၏ ထွက်ဆိုချက်အရ ခင်ပွန်းဖြစ်သူ
ပခုက္ကူမြို့နယ်၊ ရွှေချောင်းကျေးရွာနေ မျိုးထက်ကျော်၊ ၃၄ နှစ်မှ လာရောက်ပို့ခိုင်းခြင်း
ဖြစ်ကြောင်းနှင့် မျိုးထက်ကျော်မှာ ပခုက္ကူမြို့၊ ရွှေချောင်းကျေးရွာရှိ ၄င်း၏နေအိမ်တွင်
ရှိနေကြောင်း သိရှိရ၍ မျိုးထက်ကျော်၏ နေအိမ်အား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏
မူးယစ်ဆေးဝါး နေအိမ်သို့ ၀င်ရောက်ရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ်(၁၂/၂၀၁၉)ဖြင့် ၀င်ရောက်ရှာဖွေရာ
မျိုးထက်ကျော် အား နေအိမ်နောက်ဖေးတွင် အသင့်တွေ့ရှိရပြီး ၎င်းဝတ်ဆင် ထားသည့် အင်္ကျိအိတ်ကပ်ထဲမှ
vivo ရွှေအိုရောင်လက်ကိုင်ဖုန်း
(၁)လုံး၊ အနက်ရောင် ပလပ်စတစ်အပိုင်းဖြင့် ထည့်လျှက် 88/1 စာသားပါ ပန်းရောင်စိတ်ကြွဆေးပြား(၃၇)ပြားအား
လည်းကောင်း၊ အိပ်ကုတင်အောက်မှ မူးယစ်ဆေးဝါးသုံးစွဲရာတွင်
အသုံးပြုသော ဆက်စပ်ပစ္စည်း များအားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
88/1 စာတမ်းပါ စုစုပေါင်းပန်းရောင်စိတ်ကြွဆေးပြား
(၈၂၄)ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် မျိုးထက်ကျော်နှင့် မနီလာမြင့်တို့(၂)ဦးအား ပခုက္ကူမြို့မရဲစခန်း မူးယစ်(ပ)၇/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/ ၂၁ အရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment