မကွေး၊ ဇွန် ၁၅ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် တောင်တွင်းကြီး မြို့နယ်၊ ဥယျာဉ်စု ကျေးရွာနေ AK ဖုန်းအရောင်းဆိုင်ဝန်ထမ်း မခိုင်ဇူသင်း(ခ)မချစ်စု၊ ၂၀ နှစ် သည် ၎င်းပိုင် ၆၃ယ/၁၅၀၁ MC HAQJUE 110 နီ/နက်ရောင်ဆိုင်ကယ်အား AK ဖုန်းအရောင်းဆိုင် ရှေ့တွင် ဇက်သော့မခတ်ဘဲ ရပ်ထားခဲ့ရာမှ ည ၈ နာရီကျော်ခန့် နေအိမ် သို့ ပြန်ရန် ဆိုင်ကယ်ရပ်ထား သောနေရာသို့ သွားရောက်ခဲ့ရာ ဆိုင်ကယ်မှာ မတွေ့ရှိရဘဲ ပျောက်ဆုံးနေသဖြင့် စုံစမ်းဖော်ထုတ် ပေးပါရန် တိုင်တန်း၍ တောင်တွင်းကြီးမြို့မရဲစခန်း(ပ)၆၄၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုရေးဖွင့် စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ အခင်းဖြစ်ရပ်ပတ်ဝန်းကျင်နှင့် သက်သေများ စစ်ဆေးခြင်းစသည့် ရဲလုပ်ငန်း များ စုံစမ်းဆောင်ရွက်ခဲ့ရာ တောင်ပြင်(၂) ရပ်ကွက်နေ ဖိုးထူး(ခ)သန်းကျော်ဌေး၊ ၂၀ နှစ်နှင့် ကျော်မောင်မောင်၊ ၂၇ နှစ်တို့(၂)ဦးအား သက်သေခံပစ္စည်း ဆိုင်ကယ်နှင့်အတူ မေလ ၂၃ ရက်နေ့တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးအရေးယူထားသူများအား တောင်တွင်းကြီးမြို့မရဲစခန်းမှ ဒုရဲအုပ် ချိုလင်းအောင် ဦးဆောင်သော အဖွဲ့များဖြင့် အသေးစိတ်စစ်ဆေး ဆောင်ရွက်ခဲ့ရာ ၎င်းတို့၏ ထွက်ဆိုချက်များအရ တောင်တွင်းကြီး မြို့ပေါ်ရပ်ကွက်များအတွင်းမှ ခိုးယူထားသော အောက်ပါဆိုင်ကယ် (၆)စီးအား ထပ်မံဖော်ထုတ်သိမ်းဆည်းရရှိခဲ့ပြီး အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်-
(၁) ရွှေကြာအင်း(၂)ရပ်ကွက်၊ နေအိမ်တစ်ခုခုအတွင်းမှ ခိုးယူလာသော
HONDA 125 နီ/နက်ရောင်ဆိုင်ကယ်(၁)စီး
(၂) ရွှေကြာအင်း(၂)ရပ်ကွက်၊ နေအိမ်တစ်ခုခုအတွင်းမှ ခိုးယူလာသော
HONDA 125 ဖြူ/နက်ရောင်ဆိုင်ကယ်(၁)စီး
(၃) ရွှေကြာအင်း(၁)ရပ်ကွက်၊ နေအိမ်တစ်ခုခုအတွင်းမှ ခိုးယူလာသော
SURKA 125 အနက်ရောင်ဆိုင်ကယ်(၁)စီး
(၄) ရွှေအိုး(၁)ရပ်ကွက်၊ နေအိမ်တစ်ခုခုအတွင်းမှ ခိုးယူလာသော
HONDA 125 ဖြူ/နက်ရောင်ဆိုင်ကယ်(၁)စီး
(၅) ရွှေအိုး(၁)ရပ်ကွက်၊ နေအိမ်တစ်ခုခုအတွင်းမှ ခိုးယူလာသော
SHAYAN 110 ကျောက်စိမ်းရောင်ဆိုင်ကယ်(၁)စီး
(၆) ရွှေအိုး(၂)ရပ်ကွက်၊ နေအိမ်တစ်ခုခုအတွင်းမှ ခိုးယူလာသော
0 comments:
Post a Comment