၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင်
ပခုက္ကူခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ဒုရဲအုပ် ကျော်သူထွန်း၊ ပခုက္ကူမြို့မရဲစခန်းမှ
ဒုရဲအုပ် ဝေလင်းဇော် တို့ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ သီဟိုဠ်ရှင်ဘုရားပွဲတော်အတွင်း
ခါးပိုက်နှိုက်များ ရောက်ရှိနေ ကြောင်း သတင်းအရ စောင့်ကြည့်စုံစမ်းနေစဉ် မသင်္ကာဖွယ် အမျိုးသား(၁)ဦးနှင့်
အမျိုးသမီး(၁)ဦး တို့အား တွေ့ရှိ၍ စစ်မေးရာ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့၊
ဒေါနခြံရပ်ကွက်နေ ကျော်ထွန်းဦး၊ ၃၆ နှစ်နှင့် ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ ပြည်တော်အေးရပ်နေ
မနုနုအေး၊ ၂၀ နှစ်တို့ဖြစ်ပြီး ၎င်းတို့(၂)ဦးထံတွင် တွေ့ရှိရသော DASOA စာတမ်းပါ စိမ်းပုတ်ရောင်
မိန်းမကိုင် ပိုက်ဆံအိတ်(၁)လုံး၊ မိန်းမကိုင် ချည်ပိုက်ဆံအိတ်(၁)လုံးအတွင်းမှ ငွေစက္ကူရောရာ(၃၅၀၀၀)ကျပ်၊
ARROW စာတမ်းပါ ခေါက်ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူရောရာ(၅၀၀၀)ကျပ်၊ ဆင်းကဒ်ပါ
SAMSUMG GALAXY S8+ အနက်ရောင်ဟန်းဆက် (၁)လုံး၊ ဆင်းကဒ်မပါ HALLO တံဆိပ်ပါ ရွှေရောင်ဟန်းဆက်(၁)လုံး၊
TOPAZ တံဆိပ်ပါ ဘလိတ်ဒါးအသစ်(၁)ချောင်း၊ မေတ္တာ တံဆိပ်ပါ အနီရောင်ကော်ဗူးအတွင်းထည့်လျက်
ကျောက်နီ(၁)လုံး၊ ရွှေကွပ်ထားသည့် ချည်ကြိုး ပြတ်လျက် ချည်ဆွဲကြိုး(၁)ကုံး၊ ကလေးဝတ်ချည်ကြိုးဖြင့်
ရွှေကွပ်ထားသည့် ဆွဲသီးအား ဆွဲထား သည့် ချည်ကြိုးပြတ်လျက် ချည်ဆွဲကြိုး(၁)ကုံး၊ FASHION
တံဆိပ်ပါ မိန်းမ၀တ်အင်္ကျီ (၁)ထည်၊ LASER တံဆိပ်ပါ ဘလိတ်ဓါးအပိုင်းအစ(၁)ချောင်းတို့နှင့်
ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိဘဲ နေအိမ်တစ်ခုခုမှ
ခိုးယူလာသည်ဟု မသင်္ကာဖွယ် စစ်ဆေး သိရှိရသဖြင့် ကျော်ထွန်းဦးနှင့် မနုနုအေး တို့(၂)ဦးအား
ပခုက္ကူမြို့မရဲစခန်း (ပ)၂၅၄၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့်၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်း ရရှိပါသည်။
Monday, June 17, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment