Monday, June 17, 2019

၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ  ဒုရဲအုပ် မျိုးတင့် နှင့်အဖွဲ့သည် ခိုး/ဆိုး/လု/နှိုက်သတင်းများ စုံစမ်းနေစဉ် ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင် မကွေးမြို့နယ်၊ လက်ဆည်ကန် ကျေးရွာနေ ဖြိုးဖြိုးအောင်(ခ)ကိုဖြိုး၊ ၁၉ နှစ်သည် ဆိုင်ကယ်တစ်စီးအား ကာလတန်ဖိုးထက် လျော့၍ ရောင်းချနေကြောင်း သတင်းအရ ညောင်ကန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် မင်းကျော်သူ တို့အဖွဲ့နှင့် ပူးပေါင်း၍ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နံပါတ်မပါ KAMAX WAVE 110 ဖြူ/နီ/နက်ကြားရောင်ဆိုင်ကယ်အား အမည်မသိ ကြက်ခြံတစ်ခုဘေးမှ ခိုးယူလာခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဖြိုးဖြိုးအောင်(ခ)ကိုဖြိုးအား မကွေးမြို့နယ်၊ ညောင်ကန်နယ်မြေ ရဲစခန်း (ပ)၁၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့်၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video