၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင်
ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲကင်း စခန်းမှ ရဲတပ်ကြပ် သိန်းဌေးနှင့်အဖွဲ့သည် ရေစကြိုကျေးရွာ၊
ရပ်သာကျေးရွာအုပ်စုအတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဘုမ္မကျေးရွာ၏တောင်ဘက် လမ်းမပေါ်တွင်
လူတစ်ဦး ဓားကိုင်ရမ်းကားနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ခဲ့ရာ ရေစကြို
မြို့နယ်၊ ဇီးကျွန်းကျေးရွာနေ မျိုးနိုင်၊ ၃၉ နှစ်အား တွေ့ရှိရပြီး ၎င်းလွယ်ထားသော လွယ်အိတ်
အတွင်းမှ အရိုး/အသွား(၁၀)လက်မခန့်ရှိ ဓားဦးချွန်ဓားမြှောင်တစ်ချောင်း ရှာဖွေတွေ့ရှိ
သိမ်းဆည်း ရမိခဲ့သဖြင့် မျိုးနိုင်အား ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်း (ပ)၇၂/၂၀၁၉၊
လက်နက် ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Monday, June 17, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment