Saturday, May 25, 2019


မကွေး၊ မေလ ၂၅ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် စလင်းမြို့နယ်၊ ကြို့ဝန်းကြီးကျေးရွာအုပ်စု၊ ကြို့ဝန်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စလင်းမြို့မရဲစခန်မှူး ဒုရဲမှူး သန်းဇော် ဦးစီးသောတပ်ဖွဲ့ဝင်များသည် ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ တပ်ကြပ်ကြီး ဇင်မင်းထိုက် တို့နှင့်အတူ မှုခင်း ကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ စလင်းမြို့မရဲစခန်းမှူးမှ မုဒိမ်းမှု/သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးခြင်း၊ မှုခင်း လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောခြင်း၊ Projector ဖြင့် ရှင်းလင်းပြသခြင်း၊ တပ်ကြပ်ကြီး ဇင်မင်းထိုက်မှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။







0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video