မကွေး၊ မေလ
၂၅ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ညနေ ၎
နာရီခွဲခန့်တွင် ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းဦး
ဦးစီးသောတပ်ဖွဲ့ဝင်များသည်
ဒီးဒုတ်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်လှိုင် တို့နှင့်အတူ
မင်းလှမြို့နယ်၊ ဒီးဒုတ်ကန်ကျေးရွာ၏ အနောက်ဘက် ရေကန်အနီးကွင်းပြင်၌်
ကျေးရွာသူ/ကျေးရွာသားများအား မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါး
ဆိုးကျိုးနှင့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ယာဉ်မောင်းနှင်သူများ
လိုက်နာ ဆောင်ရွက်ရမည့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်
ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment