Saturday, May 25, 2019

မကွေး၊ မေလ ၂၅ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးဦး ဦးစီးတပ်ဖွဲ့ဝင်များသည်  သက်သေများနှင့်အတူ စကုမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ဇီဝက ဆေးဆိုင်ရှေ့ မင်းဘူး-စကုသွားကားလမ်းမပေါ်တွင် စကုမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဇင်မောင်မောင်၊ ၂၀ နှစ် အား ဖျင်လွယ်အိတ်တစ်လုံးလွယ်လျက် လမ်းလျှောက်လာသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ အရိုး(၆)လက်မခန့်၊ အသွား (၁၂)လက်မခန့်ရှိ အဖြူရောင်တိပ်ဖြင့်ပတ်ထားသော သစ်သားရိုးတပ် ဓားမြှောင်တစ်ချောင်း၊ BATON SWORD စာတမ်းပါ အရိုး(၅)လက်မခန့်၊ အသွား(၁၃)လက်မခန့်ရှိ သံပိုက်ရိုးတပ်အရှည် (၁၄)လက်မခွဲခန့်ရှိ သံပိုက်ဓားအိမ် တပ်ဓားတစ်ချောင်း၊ အရှည်(၁၄)လက်မခန့်ရှိ အဆစ်သုံးဆစ် ပါသော သံတုတ်(၁)ချောင်းတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇင်မောင်မောင်အား မင်းဘူး မြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၇၀/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video