၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက်
၇ နာရီခန့်မှ ၁၀ နာရီခွဲခန့်ထိ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး စိုးမိုးကျော်၊
မြို့နယ်မီးသတ်ဦးစီးမှူး ရဲရင့်ကျော်တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သောက်သုံးရေရှားပါးသည့်
ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာသို့ သွားရောက်၍ ရေသန့်ဗူး (၁၅၀)ဗူးနှင့် သုံးရေဂါလံ(၁၆၀၀)ဆံ့
မီးသတ်ရေသယ်ယာဉ်(၁)စီးအား လှူဒါန်းခဲ့ရာ ကျေးရွာသူ/ ကျေးရွာသားများမှ
လက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment