၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် ၁၁
နာရီခန့်တွင် ရဲအကူတပ်ဖွဲ့ခွဲ(မှုခင်းအကူဌာနစု)မှ ရဲအုပ် အောင်ဇော်မင်း၊ ရဲအုပ် ဇင်မင်းထွန်းတို့အဖွဲ့သည်
သက်သေများနှင့်အတူ ခိုး/ဆိုး/နှိုက်သတင်းများ စုံစမ်းနေစဉ် မကွေးမြို့၊ ပြည်တော်သာလမ်းနှင့်
ခွာညိုလမ်းထောင့်ရှိ "သဘာဝ" လက်ဖက်ရည်ဆိုင် အနီးတွင် မသင်္ကာကာဖွယ်လူတစ်ဦးအား
တွေ့ရှိ၍ စစ်မေးရာ မကွေးမြို့နယ်၊ နွားကူးကျေးရွာနေ ဆန်းဝင်းအောင်၊ ၂၆ နှစ် ဖြစ်ပြီး
၎င်းထံမှ တွေ့ရှိရသော SAMSUNG J2 Prime ဟန်းဖုန်းနှင့် ပတ်သက်၍ မေးမြန်းရာပိုင်ဆိုင်ကြောင်း
အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိ သဖြင့် ဆန်းဝင်းအောင်အား မကွေးမြို့နယ်၊
မကွေးနယ်မြေရဲစခန်း (ပ)၄၆၆/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ဆန်းဝင်းအောင်၊ ၂၆ နှစ်အား ရဲအကူတပ်ဖွဲ့ခွဲ
(မှုခင်းအကူဌာနစု)မှ ဒုရဲမှူး ကျော်သန်း နှင့်အဖွဲ့မှ သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ
၎င်းသည် လွန်ခဲ့သော(၁)လခန့်က မကွေးမြို့ပေါ်ရှိ နေအိမ်တစ်အိမ်အတွင်းမှ Mi Note 1 အဖြူရောင်ဖုန်း(၁)လုံးအား
ခိုးယူခဲ့ပြီး မကွေးမြို့၊ အောင်ပုံ ရပ်ကွက်နေ ကိုတင်ကိုကိုငြိမ်းထံတွင် ငွေ(၇၀၀၀၀)ကျပ်ဖြင့်
ရောင်းချခဲ့ကြောင်း ထွက်ဆိုချက်အရ ဖုန်းအား သွားရောက်သိမ်းဆည်းခဲ့ပြီး ဆန်းဝင်းအောင်အား
မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၄၆၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ လည်းကောင်း၊
လွန်ခဲ့သော (၁၅)ရက် ခန့်က မကွေးမြို့ပေါ်ရှိ နေအိမ်တစ်အိမ်အတွင်းမှ Huawei ရွှေအိုရောင်ဖုန်း(၁)လုံးအား
ခိုးယူခဲ့ပြီး မကွေးမြို့၊ စိုးကောမင်းရပ်ကွက်နေ ဘုန်းပြည့်ကိုထံတွင် ငွေ(၈၀၀၀၀)ကျပ်ဖြင့်
ရောင်းချခဲ့ကြောင်း ထွက်ဆိုချက်အရ ဖုန်းအား သွားရောက်သိမ်းဆည်းခဲ့ပြီး ဆန်းဝင်းအောင်အား
မကွေးမြို့နယ်၊ မကွေး နယ်မြေရဲစခန်း (ပ)၄၆၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရလည်းကောင်း
အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment