မကွေး၊ မေလ ၁၄ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်
ထီးလင်းမြို့နယ်သစ်တော ဦးစီးဌာနမှ တောအုပ် ဦးကိုကိုနိုင်၊ ထီးလင်းမြို့နယ်အထွေအထွအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်ဇော်မိုး၊ ထီးလင်း မြို့မရဲစခန်းမှ
ဒုရဲအုပ် နွယ်နွယ်ထွေး တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ထီးလင်းမြို့ စီမံကိန်းဦးစီးရုံးရှေ့
ကားလမ်းမပေါ်တွင် ရှောင်တခင် စစ်ဆေးရာ ဂန့်ဂေါဘက်မှ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြေ့သာစည်မြို့နယ်၊
မြရည်နန္ဒာမြို့သစ်ရပ်ကွက်နေ ထိုက်မင်း၊ ၃၅ နှစ်၊ မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဟန်ငြိမ်း၊
၂၉ နှစ်နှင့် စစ်ကိုင်းမြို့၊ ထားဝယ်ဈေးနေ တင်မင်းစိုး၊ ၂၂ နှစ် တို့လိုက်ပါလာသည့်
YGN 4A/6561 ကင်တာ ဖြူ/ပြာကြား ရောင်(၆)ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမ၀င်
ကျွန်းသစ်ခွဲသား ဆိုဒ်စုံ (၂၃)ချောင်း၊ ပိတောက်သစ်ခွဲသားဆိုဒ်စုံ(၁၆)ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်
ထိုက်မင်း ပါ(၃)ဦးအား ထီးလင်းမြို့နယ်၊ မြို့မရဲစခန်း(ပ)၉၃/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ
၄၂(က) အရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။Tuesday, May 14, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment