မကွေး၊ မေလ ၁၄ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစုမှ ရဲအုပ် ဇင်မင်းထွန်းနှင့် အဖွဲ့သည်
သက်သေများနှင့်အတူ အောင်လံ မြို့နယ်၊ ရွှေပန်းတော တိုက်နယ်၊ ဗြန်ဒီကျေးရွာအုပ်စု ခရိုင်ချင်းဆက်လမ်းမပေါ်
ဗြန်ဒီကျေးရွာ အ၀င် လမ်းအနီး၌ သစ်များသယ်ဆောင် လာကြောင်း
သတင်းအရ သွားရောက်စောင့်ဆိုင်းနေစဉ် ရွှေပန်းတော ကျေးရွာဘက်မှ ပေါက်ခေါင်းမြို့နယ်ဘက်သို့
အောင်လံမြို့နယ်၊ ပျဉ်ထောင်ကျေးရွာနေ ကျော်ဇင်ဝင်း(ခ)ပြုံးချို၊ ၂၄ နှစ်၊ မောင်းနှင်ပြီး
အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာနေ ညီဇော်၊ ၄၁ နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊
ပိတောက်ကျောကျေးရွာနေ ဟိန္ဒူ၊ ၆၃ နှစ် တို့ လိုက်ပါလာသည့် နံပါတ်မပါ GOVECT DUMP
TRUCK 4 2 (L)အနီရောင် ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် ပျဉ်းကတိုးသစ်လုံး(၁၅)လုံး၊
ပျဉ်ကတိုးသစ်ခွဲသားဆိုဒ်စုံ (၁၅)ချောင်းအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့်
ကျော်ဇင်ဝင်း(ခ)ပြုံးချိုပါ (၃)ဦးအား အောင်လံမြို့နယ်၊ ရွှေပန်းတော နယ်မြေရဲစခန်း
(ပ)၃၂/ ၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၂(က) အရ အရေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။Tuesday, May 14, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment