၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နံနက်
၁၁ နာရီခွဲခန့်တွင် အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွန့်ဦး သည် တာဝန်ဆောင်ရွက်နေစဉ်
နှစ်လုံးထီ/သုံးလုံးချဲထီ လောင်းကစားပြုလုပ်နေကြောင်း သတင်း အရ တာဝန်မှူး ဒုရဲအုပ်
မျိုးဝင်းပါ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်နှင့်အတူ အောင်လံမြို့၊ ဈေးကုန်းရပ်ကွက်၊ ကျောင်းစု(၂)လမ်းနေ ကိုမဲ(ခ)တင်ထွန်းလွင်၊
၄၉ နှစ်၏နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ရှာဖွေရာ နေအိမ်၏ အနောက်ဘက်တွင် ကိုမဲ(ခ)တင်ထွန်းလွင်အား
တွေ့ရှိရပြီး ၎င်း၏ လက်ထဲတွင် ကိုင်ထားသော ကာကီရောင်ပြောက်ကျားပါ လက်ကိုင်အိတ်အတွင်းမှ
နှစ်လုံးထီ/ သုံးလုံးချဲထီဂဏန်းနှင့် ငွေတန်ဘိုးများ ရေးသားထားသော စာရွက်စာတမ်းများ၊
ငွေစက္ကူရောရာ (၂၀၁၅၀၀ိ/-)တို့အား တွေ့ရှိရပြီး နေအိမ်ဘေးဖျာကြမ်းခင်းထားသော မြေပြင်ပေါ်ရှိ
စားပွဲဝိုင်း ပေါ်တွင် နှစ်လုံးထီနှင့် သုံးလုံးချဲထီဂဏ္ဍန်းများ ရေးသားထားသော ဘောက်ချာစာအုပ်နှင့်
စာရွက် များ၊ ကာဗွန်အပိုင်းများ၊ ဘောပင်များ၊ ငွေစက္ကူရောရာ(၂၃၈၈၅၀ိ/-)နှင့် စားပွဲဝိုင်းဘေးရှိ
အစိမ်း ရောင် ပလပ်စတစ်ဘူးအတွင်းမှ နှစ်လုံး/သုံးလုံးချဲထီ ဘောက်ချာစာအုပ်နှင့် MI ပန်းဆီရောင်ဖုန်း
(၁)လုံး၊ စုစုပေါင်းငွေစက္ကူရောရာ (၄၄၀၃၅၀ိ/-)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်
ကိုမဲ(ခ) တင်ထွန်းလွင်အား အောင်လံမြို့၊ မြို့မရဲစခန်း (ပ)၈၉၆/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ
၁၈(က)/ ၁၉(က)အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Friday, May 17, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment