Friday, May 17, 2019

၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီခန့်ထိ သရက်ခရိုင် မှုခင်းနှိမ်နင်ရေးဌာနမှ ရဲအုပ် စည်သူဝင်းနှင့်အဖွဲ့၊ ကံမမြို့မရဲစခန်းမှ ဒုရဲအုပ် ရဲထွဋ်ဇော်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မဒေးတံတားထိပ်အနီးတွင် ကံမမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာနေ သန်းဦး၊ ၄၆ နှစ် မောင်းနှင်ပြီး ကညင်တိုင်းကျေးရွာနေ မြ၀င်း၊ ၆၀ နှစ်၊ လိုက်ပါလာသည့် နံပါတ်မပါ Smash အပြာရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ သန်းဦး၏ ခါးကြားရှိ ပိုက်ဆံအိတ်အတွင်းမှ သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြု သည့် စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ(၈၁၀၀ိ/-)နှင့် ဆိုင်ကယ် တူးဘောက်အတွင်းမှ မလိခတံဆိပ်ပါ ဖြူ/ညိုကြားရောင် လွယ်အိတ်အတွင်းမှ ငွေစက္ကူရောရာ (၇၀၀၀၀၀ိ/-)နှင့် မြ၀င်း၏ ခါးပိုက်ထောင်အတွင်းမှ သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ ဟန်းဆက်(၂)လုံးနှင့် လောင်းကြေးငွေစက္ကူရောရာ(၄၀၀၀၀၀ိ/)၊ စုစုပေါင်းလောင်းကြေးငွေ (၁၁၀၈၁၀၀ိ/-)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် သန်းဦးနှင့် မြ၀င်းတို့ (၂)ဦးအား ကံမမြို့၊ မြို့မရဲစခန်း (ပ)၁၉၆/၂၀၁၉၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)/ ၁၉(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video