မကွေး၊ မေလ
၃ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်မှ ၁၀ နာရီခွဲခန့်ထိ
တောင်တွင်းကြီးမြို့နယ် ယာဉ် စည်းကမ်း/လမ်းစည်းကမ်းကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်
တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲအုပ် မောင်ဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာမှ
တပ်ကြပ်ကြီး ကြိုင်ထွန်း ပါ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်လမ်းဆုံတွင် ဖြတ်သန်းသွားလာနေသည့်
မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း
အသိပညာပေးခြင်း၊ ပညာပေး စတေကာကပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။Friday, May 3, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment