မကွေး၊ မေလ
၃ ရက်
၂၀၁၉ ခုနှစ်၊ မေလ ၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင်
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဇင်မင်းထွန်း ဦးဆောင်သောအဖွဲ့သည် သက်သေများနှင့်အတူ
မကွေးမြို့ပေါ်တွင် ခိုး/ဆိုး/ လု/နှိုက်သတင်းများ စုံစမ်းနေစဉ် ပြည်တော်သာလမ်းရှိ သဘာဝ လက်ဖက်ရည်ဆိုင်ရှေ့တွင် လူငယ်(၂)ဦးမှာ
၄၆ယ/၇၈၀၅၇ SUPER ANBO 125 အနက်ရောင်ဆိုင်ကယ်တစ်စီးအား ကာလ တန်ဖိုးထက် လျော့နည်းရောင်းချနေသည်ကို
တွေ့ရှိရသဖြင့် မေးမြန်းရာ တောင်တွင်းကြီးမြို့နယ်၊ ကျောက်တောင်ရွာနေ ဌေးမြင့်အောင်၊
၂၇ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ တံတား ကျေးရွာနေ လင်းနိုင်ထူး၊
၂၃ နှစ်တို့ဖြစ်ကြောင်း သိရှိရပြီး ဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်း
မရှိသဖြင့် ဌေးမြင့်အောင်နှင့် လင်းနိုင်ထူး တို့(၂)ဦးအား မကွေးမြို့နယ်၊
မကွေးနယ်မြေရဲစခန်း (ပ)၃၇၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။ Friday, May 3, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment