မကွေး၊ မေလ
၂ ရက်
၂၀၁၉ ခုနှစ်၊
မေလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီ ဥက္ကဌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး ခင်ဇော် ဦးစီး၍´´ရဲဇာနည်ခန်းမ``၌ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွက် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ရာ ဦးစီး(ပ)(ဦး/ရေး/ထောက်)၊
ရဲအကူတပ်ဖွဲ့ခွဲမှူး၊ ရဲမှူး(ဦးစီး)၊ ရဲမှူး(မှုခင်းမှတ်တမ်း)၊ ဒုရဲမှူး(ဦးစီး)၊
ရဲမှူး(ရေး/ထောက်)၊ ဒုရဲမှူး(ရေး/ထောက်)၊ အရာရှိ၊ အခြားအဆင့်၊ စာရေးဝန်ထမ်း(၁၁၂)ဦး၊
မိသားစုဝင်(၄၀)ဦး၊ စုစုပေါင်း(၁၅၂)ဦးတို့ တက်ရောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ
အိမ်ထောင်သည်မိသားစု နေအိမ်လိုင်းခန်း ပတ်ဝန်းကျင် အမြဲသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရန်၊
မိမိတို့ တပိုင်တနိုင် စိုက်ပျိုး မွေးမြူရေး ဆောင်ရွက်ထားကြရန်နှင့် မိသားစုများ စည်းလုံးညီညွတ်စွာနေထိုင်သွားရန်နှင့်
အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ မဖြစ်စေရန်တို့အား မှာကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ၂၀၁၉ ခုနှစ်၊
ဧပြီလအတွက် တာဝန်ထမ်းဆောင် မှု အကောင်းဆုံးဝန်ထမ်းဆုအဖြစ် ဦးစီးဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦး၊ ရေးဌာနစိတ်
များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦးတို့အား လည်းကောင်း၊ ဦးစီး(ပ)(ဦး/ရေး/ထောက်)မှ ထောက်
ဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲ၏ အကောင်းဆုံးဝန်ထမ်း (၁)ဦးတို့
အားလည်းကောင်း၊ ရဲအကူတပ်ဖွဲ့ခွဲမှူးမှ ၀တ်စားဆင်ယင်မှုအကောင်းဆုံး တပ်ဖွဲ့ဝင်(၂)ဦးတို့အား
လည်းကောင်း ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment