မကွေး၊ ဧပြီလ ၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ နံနက် ၈ နာရီခန့်မှ ၉
နာရီခွဲခန့်ထိ ထီးလင်းမြို့မရဲစခန်းမှ ဒုရဲအုပ် အေးမင်းဟန် ဦးစီးတပ်ဖွဲ့ဝင်များသည်
မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ ဒေါ်အေးအေးသင်း၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးနွားမောင်တို့နှင့်အတူ ထီးလင်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေးဆိုင်(၁)ဆိုင်၊ မြို့မဈေးအတွင်းရှိ
ဆေးဆိုင်(၂)ဆိုင်အား သင်္ကြန်ကာလအတွင်း ကာမစိတ်ကြွ ဆေးဝါးများနှင့် တရားမ၀င်ဆေးဝါးများ
သိုလှောင်၊ ဖြန့်ဖြူး/ရောင်းဝယ်မှုမရှိစေရေး ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment