မကွေး၊ ဧပြီလ ၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ နံနက် ၇ နာရီခန့်မှ ၁၀
နာရီခွဲခန့်ထိ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ 3H/3726 UD Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့်
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်ကို ဦးစီး တပ်ဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်၊ ဆောက်လုပ်ရေးနှင့် လမ်းတံတားဦးစီးဌာနမှ ဦးစီးမှူး
ဒေါ်ချိုချိုမြင့်တို့နှင့်အတူ ပေါက်မြို့၊ ဗိုလ်ချုပ် လမ်းနှင့် တြိဂံလမ်းဆုံတို့တွင်
ခရီးသွားပြည်သူလူထုများအား လည်းကောင်း၊ နေ့လည် ၁၁ နာရီ အချိန်မှ ၁ နာရီခန့်ထိ ပေါက်မြို့၊
ရေပြာကျေးရွာရှိ လမ်းဆုံတွင် ကျေးရွာနေ ပြည်သူလူထုများအား လည်းကောင်း ယာဉ်စည်းကမ်း/လမ်းစည်းကမ်း
အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊
သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေးဟောပြောခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့ပြီး
လာရောက်ကြည့်ရှုသူများအား အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment