Sunday, April 7, 2019

မကွေး၊ ဧပြီလ ၅ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်မှ ၁၁ နာရီခွဲခန့်ထိ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ 3H/3726 UD Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းအောင် ဦးစီးတပ်ဖွဲ့ဝင်များသည် မြို့နယ်ပြန်/ဆက်မှ ဦးစီးမှူး ဒေါ်ဖြိုးမွန်မွန်ထွန်း၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ မြိုင်မြို့၊ မြို့မဈေးအနီး ပန်းခြံလမ်းဆုံ၊ မြိုင်-မန္တလေးကားလမ်းနှင့်  မြိုင်မြို့ပတ်လမ်းကားလမ်းဆုံတို့တွင် ခရီးသွားပြည်သူလူထုများနှင့် မော်တော်ယာဉ်များအား ယာဉ် စည်းကမ်း/လမ်းစည်းကမ်းများ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးတို့အတွက် အသိပညာပေး ဟောပြောခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လာရောက်လေ့လာကြည့်ရှုသူများအား အသိပညာပေး လက်ကမ်းစာစောင်(၆၀၀)စောင် ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း  သတင်းရရှိပါသည်။








0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video