၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ ညနေ ၆
နာရီခွဲခန့်တွင် ချောက်မြို့မရဲစခန်းမှ ရဲအုပ် မြစိုး နှင့်အဖွဲ့သည် သက်သေများနှင့်အတူ
ချောက်မြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ပတ္တမြားရပ်၊ လမ်းမတော် လမ်းရှိ သင်္ကြန်ဗဟိုမဏ္ဍပ်တွင်
လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် ဗဟိုမဏ္ဍပ်ရှေ့တွင် ချောက်မြို့၊ ရွှေတွင်းကုန်းရပ်၊ အမှတ်(၁၂)ရပ်ကွက်နေ
ပြည့်ဖြိုးပိုင်(ခ)သားပိုင်၊ ၂၄ နှစ်သည် အရက်သေစာ သောက်စားမူးယစ်ပြီး အနီရောင်ကော်ရိုး
တပ်ဆင်ထားသည့် အရိုးအသွား (၈)လက်မခွဲခန့်၊ ဗျက်(၁) လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းအား
ခါးကြားထိုး၍ မူးယစ်ကခုန်နေသည်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ပြည့်ဖြိုးပိုင်(ခ)သားပိုင်အား
ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၅၇၆/ ၂၀၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Sunday, April 14, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment