Sunday, April 14, 2019

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ချောက်မြို့နယ်၊ ရွာသစ်ကျေးရွာနေ မချိုချိုဌေး၊ ၂၃ နှစ်၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်း ဦးစီးရဲတပ်ဖွဲ့ဝင်များ၊ ချောက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးညွှန့်ပါ မီးသတ် တပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ်(၅)စီးတို့ဖြင့် ကျေးရွာသူ/သားများ နှင့်အတူ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၁၂၂၀ အချိန် မီးလုံးဝငြိမ်းသွားခဲ့ပါသည်။
ဖြစ်စဉ်မှာ မချိုချိုဌေးသည် ၎င်း၏နေအိမ်တွင် နံနက်စာချက်ပြုတ်ပြီး မီးဖိုအား မီငြိမ်းသတ်ခြင်း မရှိသဖြင့် မီးဖိုအနီး ထရံအား မီးကူးစက်စတင်လောင်ကျွမ်းရာမှ ဦးမောင်စိုး၊ ဦးသာလှ၊ ဦးမြလွင် တို့၏နေအိမ်များ၊ စုစုပေါင်း လူနေအိမ်(၄)လုံး၊ နွားတင်းကုတ်(၂)လုံးနှင့် SHSYAN 110 အနက်ရောင် ဆိုင်ကယ်(၁)စီးတို့ မီးလောင်ကျွမ်းခဲ့၍ မချိုချိုဌေးအား ချောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၅၇၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ  အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video